ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်းပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် ဦးစီးအရာရှိများ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ် (၈)သင်တန်းဆင်းပွဲကို(၂၁-၂-၂၀၁၇)ရက်နေ့၌ (၁၃းဝ၀)နာရီအချိန်တွင် ရေဆင်း၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်အမှာစကား ပြောကြားသည်။