မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ အောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၉-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ အောင်ပင် လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင် သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်၊ မြဝတီလမ်း၊ (၅၂x၅၃)ကြား၊ A လမ်းပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ်(၈ည/၄၆၃၉)တပ် ဆင်ထားသည့် မြတ်မန္တလာထွန်း မှန်လုံခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ (၂၇)ချောင်း၊ (၀.၇၃၉၀)တန်နှင့် ယာဉ်အနီးမှ တရားမဝင် ပိတောက် ဓားရွေ(၈၃)ချောင်း၊ (၀.၈၅၂၆)တန်၊ နံ့သာဖြူဟုယူဆရသည့် သစ်အပိုင်းအစ(၁၅)တုံး၊ အလေးချိန်(၄၈ ပိ ဿာ ၈၀ ကျပ်သား)၊ နံ့သာနီဟုယူဆရသည့် သစ်အပိုင်းအစ(၆၇) တုံး၊ အလေးချိန်(၂၀ ပိဿာ ၁၄ ကျပ်သား)တို့အား သိမ်းဆည်းရမိပါသည်။ ဖမ်းဆီးစဉ် ယာဉ်မောင်းနှင့် သစ်ပိုင်ရှင်မတွေ့ရှိပါသဖြင့် ပစ္စည်းပိုင်ရှင်၊ ယာဉ်မောင်းနှင့် ပါဝင်ပတ် သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက် ရှိပါသည်။