မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပြည်ကြီးရင်လုံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၉-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပြည်ကြီး ရင်လုံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၄၁၅/S-2) ၈၈ လမ်း၊ ၁၂x ၁၄ လမ်းကြားတွင် တရားမဝင် အခြား(သစ်ခြမ်း/ဖရုံစိတ်)၊ (၈)ခြမ်း/စိတ် (၂.၀၇၆)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၃၃(က)၂၊ ၄၀(ဇ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။