မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သာစည်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သာစည်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် သာစည် မြို့နယ်၊ လှိုင်းတက်ကျေးရွာ၊ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(93 D5L- 665261) နေရာ သရက်ခြံအတွင်းမှ တရားမဝင်(ပိတောက်၊ ပျဉ်းကတိုး၊ သစ်စေး) ဓားရွေ (၅၅၄)ချောင်း၊ (၃၅.၃၈၈၆)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။