ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၉-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မြကန်သာရေကန်စောင်းအနီး ခန့်မှန်းမြေပုံညွှန်း(LC/519136)တွင် ယာဉ်အမှတ်(3G/8831)တပ်ဆင်ထားသော FAW အမျိုးအစား၊ ယာဉ်ပေါ်မှ တရားမဝင် (အင်ကြင်း၊ အင်)ခွဲသား၊ (၂၀၉)ချောင်း၊ (၃.၆၃၅၈)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများ အား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ခ)တို့ဖြင့် အရေးယူဆောင်ရွက်ထားရှိပါသည်။