ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုး မြို့နယ်၊ မြို့ရှောင်လမ်း တိုလ်းဂိတ်တွင် ယာဉ်အမှတ်(MDY-9F/6356) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၇)ချောင်း၊ (၁.၂၀၆၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ယာဉ်၊ ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပေဒနှင့်အညီ အရေးယူနိုင်ရေး လားရှိုးမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ရန် ဆောင်ရွက်လျက်ရှိပါသည်။