ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်နှင့် မီးသွေးများ ဖမ်းဆီးရမိခြင်း

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရ စ္ဆာန်ဘေးမဲ့တောနယ်မြေအတွင်း လူများယာယီ အခြေချနေထိုင်၍ သစ်တောထွက်ပစ္စည်းများအား တရားမဝင် ထုတ်ယူလျက်ရှိကြောင်း သတင်းအရ ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် (၄-၂-၂၀၁၇) ရက်နေ့မှ (၇-၂-၂၀၁၇)ရက်နေ့အထိ ဘေးမဲ့တောနယ်မြေအတွင်း ရွာငံ-ပြဒါးလင်းဂူ ကားလမ်းတစ်လျှောက်၊ ပတ်ချောင်းဒေသ၊ သရက်ပိုက်ဒေသနှင့် ကောကလိန်ဒေသ ဝန်းကျင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ယာယီအခြေချ နေထိုင်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဘေးမဲ့တောဧရိယာအတွင်း တရားမဝင် အခြား(သစ်/တိုင်/ခွဲသား) (၁၅)လုံး/ချောင်း (၁.၆၈၈၂)တန်၊ ချိန်းဆော(၁၀)လက်၊ ၄၅ ပေါင်ဝင် မီးသွေး(၂၀)အိတ်၊ သံကြိုး(၄)ချောင်း၊ လှည်းဘီး(၄)ခု၊ ဓားမ(၂)ချောင်း၊ ရဲဒင်း (၂)လက်နှင့် ပုဆိန်(၂)လက် သိမ်းဆည်းရမိပါသည်။ လူများမကျန်ရှိတော့သည့် ယာယီ တဲ(၂၀)လုံးအား မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ဘေးမဲ့တောနယ်မြေအတွင်း ဝင်ရောက်၍ နေထိုင်ခြင်း၊ သစ်တောထွက်ပစ္စည်းများ တရားမဝင် ထုတ်ယူမှုမရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။