သစ်တောဦးစီးဌာနမှ အရာရှိများအား Mercy Corps အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခြင်း

၂၂-၂-၂၀၁၇ ရက်နေ့၊ (၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာနမှ အရာရှိများအား Mercy Corps အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပြီး မြန်မာ့မီးဖိုစီမံကိန်းတိုးတက်ဆောင်ရွက်နေမှုတင်ပြပြီး Mercy Corps နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှစ်ဦးနှစ် ဖက်ကြားချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။