ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောအဖွဲ့သည် တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ၂၀-၂-၂၀၁၇ ရက်နေ့တွင် ရေတာ ရှည်မြို့နယ်၊ တုံးကြီးရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာ ကြိုးပြင်တော ခန့်မှန်းမြေပုံ ညွှန်း(V-690262)နေရာတွင် တရားမဝင် ကျွန်း(သစ်/တိုင်/ခွဲသား) (၂၉)လုံး/ချောင်း (၃.၀၄၇၆)တန်၊ စိမ်းဝိုင်းကျေးရွာအနီး၊ ဘုန်းကြီးကျောင်းဟောင်းနေရာ ခန့်မှန်းမြေပုံ ညွှန်း(V-758225)နေရာတွင် တရားမဝင် ကျွန်း(သစ်/ခွဲသား) (၇)လုံး/ချောင်း (၀.၆၂၀၆)တန်၊ အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများပါဝင်သည့် တရားမဝင် သစ်စက်(၁)လုံးတို့အား ဖမ်းဆီးရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင် ကျွန်း(သစ်/တိုင်/ခွဲသား) (၃၆)လုံး/ချောင်း၊ (၃.၆၆၈၂)တန်နှင် အင်ဂျင် တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် တရားမဝင် သစ်စက်(၁)လုံးတို့ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီဆောင် ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပေဒအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။