ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ၁၉-၂-၂၀၁၇ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၉၂)တွင် တရားမဝင် ကျွန်းသစ်(၁၇)လုံး၊ (၂.၆၈၂)တန်နှင့် ၂၀-၂-၂၀၁၇ ရက် နေ့တွင် ခပေါင်းကြိုးဝိုင်းအကွက်(၂၀၅)တွင် တရားမဝင် ကျွန်းသစ်(၁၆)လုံး၊ (၃.၇၃၀) တန် ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင် ကျွန်းသစ်(၃၃)လုံး၊ (၆.၄၁၂)တန်ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။