၁၄-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၁၄-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တောင်တွင်းကြီးလမ်း မိုင်တိုင်(၂၅/၀) နှင့် (၂၅/၁)ကြား၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)တွင် ယာဉ်အမှတ်(YGN-8G/ 9915) တပ်ဆင်ထားသည့် Super Custom အမျိုးအစား၊ ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးဓားရွေ(၉)ချောင်း၊ (၀.၈၀၅၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင် ရွက်လျက်ရှိပါသည်။