ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုးမိတ်မြို့နယ် ကျောက်မောရဲကင်းနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ကျောက်မောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၁၉-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မိုးမိတ်မြို့နယ် ကျောက်မောရဲကင်းနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ကျောက်မောရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ မိုးမိတ်မြို့နယ်၊ ကျောက်မောရွာ အုပ်ချုပ်ရေးမှူး ၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ပိတောက်ခွဲသား(၄)ချပ်၊ (၀.၀၉၄၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။