ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၀-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင် လမ်း၊ နမ္မတူချောင်းတံတားအနီးတွင် ယာဉ်အမှတ် (YGN-5H/5711) တပ်ဆင်ထား သော NISSAN အမျိုးအစား၊ အစိမ်းရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက် (သစ်လုံး/ဓားရွေ) (၃၀)လုံး၊ (၄.၅၁၃၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံအား လားရှိုးမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိပါသည်။