ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၁-၂-၂၀၁၇ ရက်နေ့၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများအဖွဲ့သည် သိန်းနီမြို့နယ်၊ Oriental High Way တိုလ်းဂိတ်တွင် ယာဉ်အ မှတ်(YGN-8H/7431) နှင့် (YGN-4G/3784) တပ်ဆင်ထားသည့် NISSAN အမျိုး အစား (၁၂)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၇၄)တုံး၊ (၁၅.၉၅၀၈) တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သိန်းနီမြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိပါသည်။