ရန်ကုန်တိုင်းဒေသကြီးအတွင်းတရားမဝင်သစ်ဖမ်းဆီးရမိခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သစ်တောသယံဇာတများ ရေရှည် တည်တံ့ရေးထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး တရားမဝင်သစ်ခိုးထုတ်ခြင်း၊ ကုန်သွယ်ခြင်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွင်း(၃၁-၁-၂၀၁၇)ရက်နေ့အထိ တရားမဝင်သစ် စုစုပေါင်း(၄၀၈၂၅) တန် ကိုဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိသည့် ဖြစ်စဉ်များအနက် တရားမဝင်သစ်ပမာဏအများအပြား ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခုအနေဖြင့် ၂၄-၁-၂၀၁၇ ရက်နေ့နှင့် ၂၆-၁-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများမှ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ (MIP)ဆိပ်ကမ်းဝင်းအတွင်းရှိ သင်္ဘောတင်မည့်နေရာတွင် ကုန်သေတ္တာ (၁၃)လုံးအတွင်းမှ တရားမဝင်(ကျွန်း၊ ပိတောက်)ခွဲသား (၁၇၃၄)ချောင်း (၁၉၇.၅၄၁၆) တန်၊ ၂၈-၁-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ(၁)ရပ်ကွက် ၊ စကားဝါလမ်း၊ ခြံအမှတ် (၄၁၀/B)အတွင်း ခြံဝင်းအတွင်း မြေပြင်ပေါ်နှင့်ကုန်သေတ္တာ(၁၆)လုံးအတွင်းမှ တရားမဝင်(ပိတောက်/တမလန်း)ခွဲသား(၃၆၅၁)ချောင်း၊ (၄၀၀.၂၀၆၃)တန်၊ ကုန်သေတ္တာအလွတ် (၈)လုံးနှင့် ကုန်သေတ္တာတင် ( ၁၀)ဘီးယာဉ်(၆)စီးဖမ်းဆီးရမိပါသည်။

ထပ်မံရရှိသည့် သတင်းများအရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဆောင်သည့် သစ်တော ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော အဖွဲ့သည် (၃၁-၁-၂၀၁၇) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်၊ စက်မှုဇုန်(၃)၊ ဦးထွန်းညိုလမ်း၊ အကွက်အမှတ် ၁၆/၆၄ နှင့် အကွက်အမှတ်(၁၇၀) ၊ Ruby Lion ဆီစက်တို့တွင် တရားမဝင်(ပိတောက်၊ တမလန်း)ခွဲသား (၂၅၁၈)ချောင်း၊ (၂၉၃.၃၄၉၆)တန်၊ ၁-၂-၂၀၁၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ မွေးမြူရေးဇုန်၊ ရွေရင်အေးကျောင်းလမ်း၊ အမှတ်(၉၆) တွင် တရားမဝင်(ကျွန်း၊ ပိတောက်၊ ကုက္ကို)ခွဲသား (၈၅၀)ချောင်း (၃၈.၄၄၃၄)တန်ဖမ်းဆီးရမိခဲ့ပါ သည်။

ဆက်လက်၍ (၈-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်​တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ မွေးမြူရေးဇုန်၊ ရွှေရင်အေးကျောင်းလမ်း သွယ်(၄)၊ခြံအမှတ်(၂၁)တွင် တရားမဝင်(ကျွန်း၊ပိတောက်၊ကုက္ကို)ခွဲသား(၁၈၉၀)ချောင်း၊ (၁၅၅.၉၂၁၁) တန် ထပ်မံဖမ်းဆီးရမိပါသည်။ ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများသည် တရားမဝင်သစ် ဖမ်းဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာ ၁၀.၂.၂၀၁၇ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ်၊ စက်မှုဇုန်၊ ပြင်စည်လမ်း၊ ခြံအမှတ်(၃၅)တွင် တရားမဝင် ပိတောက်ခွဲသား (၇၈၂) ချောင်း(၈၂.၁၁၀၉)တန်၊ တောင်ဒဂုံမြို့နယ်၊ တိုးချဲ့စက်မှုဇုန်(၂) ဝက်မစွပ်ဝန်ထောက်လမ်းနှင့် စိန္တကျော်သူဦးဩလမ်းထောင့်၊ အမှတ်(၁၅၈)တွင် တရားမဝင် (ကျွန်း၊ ပိတောက်၊ တမလန်း)ခွဲသား (၁၇၅၂) ချောင်း၊ (၁၂၅.၇၃၂၄)တန်၊ လက်ကိုင်လွှစက်(၂) လုံး၊မော်တာတွဲလျက် လွှဝိုင်း(၁)ခု၊ ၄ လက်မ ကျောက်စက်(၁) လုံး၊ ဆိုင်ကယ်(၁)စီး၊  CCTV   ကင်မရာ (၈) လုံး၊  Fork Clip Car (၁) စီး၊     ၁၂-၂-၂၀၁၇ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊  စက်မှုဇုန်၊  ဦးထွန်းညိုလမ်း၊  အမှတ်(၁၄၅၊B)တွင် တရားမဝင် (ပိတောက်၊ တမလန်း)ခွဲသား (၁၃၄၇)ချောင်း(၁၄၉.၃၃၆၉)တန် နှင့် ၁၄-၂-၂၀၁၇ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ ၈၉ ရပ်ကွက်၊ မင်းသိဒ္ဓိကျော်စွာလမ်း၊ အမှတ် (၃၅၊B)တွင် တရားမဝင် (ပိတောက်၊ ကျွန်း၊ တမလန်း) ခွဲသား (၈၀၇)ချောင်း၊ (၈၈.၂၄၉)တန် ဖမ်းဆီးရမိခဲ့ပါသည်။

၂၄-၁-၂၀၁၇ ရက်နေ့မှ ၁၄-၂-၂၀၁၇ ရက်နေ့အထိ ဖမ်းဆီးရမိမှုမှာ တရားမဝင် ( ပိတောက်၊ ကျွန်း၊ တမလန်း၊ ကုက္ကို)ခွဲသား/စကွဲယား (၁၅၃၃၁)ချောင်း/တုံး(၁၅၃၀.၈၉၁၂)တန်၊ လက်ကိုင်လွှစက်(၂)လက်၊ မော်တာတွဲလျက် လွှဝိုင်း(၁)ခု ၊ ၄ လက်မ ကျောက်စက်(၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ CCTV ကင်မရာ(၈)လုံး၊ Fork Clip Car (၁) စီး၊ ကုန်သေတ္တာအလွတ်(၈)လုံး အပါအဝင် ကုန်သေတ္တာ(၃၇)လုံးနှင့် ကုန်သေတ္တာတင်(၁၀)ဘီးယာဉ်(၆) စီးတို့ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး တရားမဝင်သစ် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ ပိုင်ရှင်များနှင့် ပါဝင်ပတ်သက်သူ တရားခံ(၂၀)ဦး တိမ်းရှောင် တရားခံ(၁၂)ဦး စုစုပေါင်း(၃၂)ဦးတို့အား သက်ဆိုင်ရာ မြို့နယ်တရားရုံးများတွင် တရားစွဲဆိုခြင်းနှင့် ရဲစခန်းများတွင် အမှုဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ထားရှိ၍ ရန်ကုန်တိုင်း သစ်တောဦးစီးဌာနမှ တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။