သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် Center for International Forestry Research (CIFOR) တို့ ပူးပေါင်းကျင်းပသည့် Knowledge Sharing Workshop on REDD+ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် Center for International Forestry Research (CIFOR) တို့ ပူးပေါင်းကျင်းပသည့် Knowledge Sharing Workshop on REDD+ ဖွင့်ပွဲအခမ်းအနားကို (၂၃-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၈ : ၃၀)နာရီအချိန်တွင် အမရာဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက် အမှာစကားပြောကြားပြီး Ms. Pham Thu Thuy (Lead GCS Module on REDD+ Policies CIFOR) မှ REDD+ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နိုင်ငံများ၏ အခြေအနေအပေါ် နှိုင်းယှဉ်သုံးသပ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။