ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများမှ တရားမဝင် အခြား(တိုင်/မျော)များ ဖမ်းဆီးရမိခြင်း

၂၁-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် ပြည်မြို့နယ်၊ ပြည်-ရန်ကုန် ကားလမ်း၊ မြို့ရှောင်လမ်း၊ မိုင်တိုင်(၃/၄)၊ နီလာရိုးမဆီဆိုင်အနီးတွင် ယာဉ်အမှတ်(BGO/8D- 2857) တပ်ဆင်ထားသည့် CANTER အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား(တိုင်/မျော)၊ (၄၁၈)လုံး၊ (၂.၇၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် တိုင်/မျောများနှင့် မော်တော်ယာဉ်၊ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။