ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင် သစ်များဖမ်းဆီးရမိခြင်း

၂၂-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအကွက်(၄၇)၊ ခန့်မှန်းမြေပုံညွှန်း(A-703748) နေရာတွင် ယာဉ်အမှတ်(5A/6664) တပ်ဆင်ထားသည့် လီဖန်းအမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၃၄)ချောင်း၊ (၂.၉၇၀၂)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ မော်တော်ယာဉ်နှင့် တရားခံအား သစ်တောဥပဒေ ပုဒ်မ ၄၁(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။