မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၁-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်(၂၃၇)၊ ၂၇x၂၈ လမ်းကြား၊ ၉၀x၉၁ လမ်းကြား၊ အနောက်ခင်မကန်ကျောင်းတိုက်၊ ပုပ္ပါးကျောင်းဝန်းအတွင်း ယာဉ်အမှတ်(MDY-1L/7265) တပ်ဆင်ထားသော NISSAN ATLAS အမျိုးအစား၊ အပြာနုရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၆၂)ချောင်း၊ (၀.၇၀၉၄)တန်၊ မြေပြင်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၄၅)ချောင်း၊ (၂.၂၆၂၀)တန် သိမ်းဆည်းရမိပါသည်။ အဆိုပါအဖွဲ့မှ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီ ကင်းရပ်၊ အကွက်(၉၄)၊ ၁၈-၁၉ လမ်းကြား၊ တာရိုးပတ်လမ်းရှိ မြေနီအိုင်ကျောင်းတိုက်၊ ကမ္ဘာ လုံးကျောင်းဝန်း၊ မြေအောက်ခန်းအတွင်းနေရာနှင့် ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ရပ်ကွက်၊ အကွက်(၃၁၀)ရှိ အာဒိစ္စရံသီကျောင်းဝန်းနှင့် သာသနရက္ခိတကျောင်းဝန်းများ အတွင်းတွင် တရားမဝင် ကျွန်းခွဲသား(၂၈၁၄)ချောင်း၊ (၄၂.၄၉၁၂)တန် သိမ်းဆည်းရမိပါ သည်။ သိမ်းဆည်းရမိမှုမှာ စုစုပေါင်းမှာ တရားမဝင် ကျွန်းခွဲသား(၃၀၂၁)ချောင်း၊ (၄၅.၄၆၂၆)တန်နှင့် မော်တော်ယာဉ်(၁)စီးဖြစ်ပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ် နှင့် ယာဉ်အား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး၊ ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။