နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၁၈-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်အမှတ်(၁၆)၊ ခန့်မှန်းမြေပုံညွှန်း(Q-380012) နေရာတွင် ယာဉ်အမှတ်(YGN-3J/5802)တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ ခဲရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၀)ချောင်း၊ (၁.၀၄၀၈)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့် ယာဉ်အား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်အားစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပါသည်။