စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဆားတောင်ရဲစခန်း နှင် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၂-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဆားတောင်ရဲစခန်း နှင် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်း-ရွှေဘို - မုံရွာကားလမ်း မိုင်တိုင်(၃၁/၇)၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာအနီးတွင် ယာဉ်အမှတ်(3G/9746)တပ်ဆင်ထားသည့် MITSUBISHI အမျိုးအစား ခေါင်းအဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်း ဓားရွေ(၁၅)တုံး၊ (၃.၁၀၂၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ မော်တော်ယာဉ်နှင့် တရားခံအား ဆားတောင်ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။