ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့မရဲစခန်း၊ သတင်းတပ်ဖွဲ့၊ စ.ရ.ဖ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၂-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့မရဲစခန်း၊ သတင်းတပ်ဖွဲ့၊ စ.ရ.ဖ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုးမြို့ရှောင်လမ်း တိုးလ်ဂိတ်တွင် ယာဉ်အမှတ် (SHN- 8G/1591) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ) (၃၇)လုံး/တုံး၊ (၄.၂၃၀၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ မော်တော်ယာဉ်နှင့် တရားခံအား လားရှိုးမြို့မရဲစခန်းတွင် ပ.ပ.ကဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။