ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ မိုးစစ်ကြိုးဝိုင်း၊ အကွက်အမှတ်(၃)၊ ခန့်မှန်းမြေပုံညွှန်း(KG-858983)နှင့် အကွက်အမှတ်(၆)၊ ခန့်မှန်းမြေပုံညွှန်း(KG-865982) နေရာများတွင် တရားမဝင် ကညင်သစ် (၁၀၅)လုံး၊ (၇၁.၂၄၀)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူ များအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။