ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပုသိမ်မြို့နယ် ကိုးဆူတိုးလ်ဂိတ်တွင် ယာဉ်အမှတ်(1M/6569)တပ်ဆင်ထားသော အပြာရောင်(၆)ဘီး ယာဉ်နှင့် ယာဉ်အမှတ်(1J/4183)တပ်ဆင်ထားသော အပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်အခြားသားခွဲသား(၁၃၄၉)ချောင်း၊ (၉.၉၇၇)တန်နှင့် တရားခံ(၈)ဦးဖမ်းဆီးရမိပါသည်။ အဆိုပါနေ့တွင် သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ လှေကြီးတက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့မှ သာပေါင်းမြို့နယ် MTE ကားလမ်းဟောင်းဘေးတောစပ်၊ ခန့်မှန်းမြေပုံ ညွှန်း(FP.871823)နေရာတွင် ယာဉ်အမှတ်(၅က/၉၄၄၃)တပ်ဆင်ထားသည့် တိုယိုတာအမျိုးအစား၊ ခေါင်းအစိမ်းရောင်(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၉) ချောင်း၊ (၂.၈၇၄၈)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင် အခြားခွဲသား(၁၃၅၈)ချောင်း၊ (၁၂.၈၅၁၈)တန်၊ မော်တော် ယာဉ်(၃)စီးနှင့် တရားခံ(၁၀)ဦးဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ မော်တော်ယာဉ်များနှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပါသည်။