ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၂-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ကောလိယဆည်အတွင်း ခန့်မှန်းမြေပုံညွှန်း (F-886656, 874649) နေရာများတွင် တရားမဝင်(သစ်မာ/အခြား) သစ်လုံး/ ခွဲခြမ်း/ ခွဲသား(၉၄)လုံး/ ခြမ်း/ချောင်း (၂၃.၃၉၃၄)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်း ရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။