စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ၊ စက်လွှနှင့် ထွန်စက်နောက်တွဲများ ဖမ်းဆီးရမိခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာမြိုင် သစ်တောဧရိယာအတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ၄-၂-၂၀၁၇ ရက်နေ့မှ ၁၂-၂-၂၀၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း၊ ပုလ္လင်းကြိုးဝိုင်း၊ မဟာမြိုင်ကြိုးဝိုင်း၊ ရွှေကျင်ကြိုးဝိုင်းနှင့် ဆက်စပ်နေရာများ တွင် တရားမဝင်(ကျွန်း၊ သစ်မာ၊ အခြား) သစ်လုံး/ ခွဲသား/ ပကာ(၁၅၁.၄၆၁၇)တန်၊ စက်လွှ (၃)လက်၊ ထွန်စက်နောက်တွဲ(၃)ခု၊ တရားခံ(၂)ဦးတို့အား ဖမ်းဆီးရမိပါသည်။ မင်းကင်းမြို့ နယ်၊ အင်တိုင်ကုန်းကြိုးဝိုင်း၊ သဖန်းတုံးကြိုးပြင်ကာကွယ်တောတွင် အခြား(သစ်လုံး/ခွဲသား) (၇.၁၅၀၈)တန် ဖမ်းဆီးရမိပါသည်။ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း၊ ပန်းသာကြိုးဝိုင်းနှင့် ဆက်စပ်နေရာများတွင် တရားမဝင်(သစ်မာ/အခြား)ခွဲသား၊ (၉.၁၅၆၇) တန်၊ စက်လွှ(၂)လက် ဖမ်းဆီးရမိပါသည်။ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ခေါင်းတုံးရွာနှင့် တရားမဝင် အခြားခွဲသား(၁.၅၈၆၂)တန်တို့အား ဖမ်းဆီးရမိပါသည်။ စုစုပေါင်းဖမ်းဆီးရမိမှုမှာ တရားမဝင်(ကျွန်း/သစ်မာ/အခြား)သစ်လုံး/ခွဲသား/ပကာ (၁၆၉.၃၃၇၄)တန်၊ စက်လွှ(၅) လက်၊ ထွန်စက်နောက်တွဲ(၃)ခုနှင့် တရားခံ(၂)ဦးဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပါသည်။