မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-သာစည်လမ်း မိုင်တိုင် ၉/၃ နှင့် ၉/၄ ကြားတွင် ယာဉ်အမှတ်(MDY-1M/8958) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၄၁)ချောင်း၊ (၆.၇၄၆၈)တန်နှင့်အတူ တရားခံ(၆)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်နှင့် တရားခံများ အား သစ်တောဥပဒေပုဒ်မ ၄၁(က)အရလည်းကောင်း၊ ယာဉ်အား သစ်တောဥပဒေပုဒ် မ ၄၇(ခ)အရလည်းကောင်း အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။