ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၄-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးပြင်ကာကွယ်တော XVII, ဘုန်းတောင်းကြိုးဝိုင်းအကွက်(၁၆)၊ (၉)နေရာများတွင် တရားမဝင်(ကျွန်း/သစ် မာ/အခြား)ခွဲသား (၂၇၆၁)ချောင်း၊ (၁၀.၂၆၈၀)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်း ဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင် နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။