ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း၊ အုတ်ဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုတ်ဖိုမြို့၊ မိုးညိုတန်းရပ် ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း၊ အုတ်ဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုတ်ဖိုမြို့၊ မိုးညိုတန်းရပ် ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့နယ် ခြောက်တင်းကွင်းရွာ နှင့် ရှားတောကွင်းရွာကြား၊ ရန်ကုန်-ပြည်ကားလမ်းတွင် ယာဉ်အမှတ်(သ/၉၇၀၆) တပ်ဆင်ထားသော FUSO အမျိုးအစား ယာဉ်ပေါ်မှ တရားမဝင်(သစ်/အခြား) သစ်/ တိုင်၊ (၂၁)လုံး၊ (၄.၆၃၈၀)တန်နှင့်အတူ တရားခံ(၄)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိ သည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂ (ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။