ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ၂၅-၂-၂၀၁၇ ရက်နေ့တွင် ကျောက်တံ ခါးမြို့နယ်၊ ဘိုင်းဒါးကြိုးဝိုင်း အကွက်(၁၀၉)ခန့်မှန်းမြေပုံညွှန်း KV/329487 နေရာတွင် ယာဉ်အမှတ် 6M/3175 တပ်ဆင်ထားသော FAW အမျိုးအစား အဖြူရောင်(၆)ဘီး ယာဉ်(၁)စီး၊ ဘ/၇၇၈၆ တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၀)ဘီးယာဉ်(၁) စီး၊ ယာဉ်အမှတ်မပါ ချက်ပက်လက်အမျိုးအစားယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီးပေါ် မှ တရားမဝင်(ကျွန်း/အခြား) ခွဲသား(၁၀၃)ချောင်း၊ (၁၀.၇၄၁၈)တန်၊ တရားခံ(၁)ဦး၊ ၂၆-၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၈၃/၄၊ မြို့ချောင်းရွာ၊ မြို့ချောင်းလမ်းအနီးတွင် ယာဉ်အမှတ် 6K/1364 တပ်ဆင်ထားသော FUSO အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၆၈)ချောင်း၊ (၅.၃၉၉၂) တန်နှင့် တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင် (ကျွန်း /သစ်မာ/အခြား) ခွဲသား(၂၇၁)ချောင်း၊ (၁၆.၁၄၁၀)တန်၊ ယာဉ်(၄) စီးနှင့် တရားခံ(၄) ဦးဖြစ်ပါသည်။ ဖမ်းဆီးရမိ တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။