ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ငူအမှတ်(၂)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီး ရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ငူအမှတ်(၂)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာ၊ အပြင်(၁၀)ပေလမ်း၊ ဝင်္ဂဘာလမ်းထိပ်တွင် ယာဉ်အမှတ်(၉ဌ/၁၅၁၅၂) တပ်ဆင်ထားသော FAW အမျိုးအစား၊ အပြာရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၄၂)ချောင်း၊ (၁.၆၁၅)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။