ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဆွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များ၊ အင်ဂျင်နှင့် သစ်စက် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခြင်း

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဆွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် (၁၈-၂-၂၀၁၇)ရက်နေ့မှ (၂၂-၂- ၂၀၁၇)ရက်နေ့အတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၀၊ ၉၂၊ ၉၄) နေရာများ တွင် တရားမဝင် (ကျွန်း/သစ်မာ) ခွဲသား(၁၃၆၉)ချောင်း၊ (၆.၉၄၂၂)တန်၊ တရုတ်နီ (၂၂)H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်း(၄)မျိုးတို့အား သိမ်းဆည်း ရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင် သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေ နှင့်အညီဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။