မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ သရက်တပင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်နှင့်ထင်းခွဲခြမ်းများဖမ်းဆီးရမိခြင်း

၂၅-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ သရက်တပင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ တံပိုးကျွန်းကျေးရွာအရှေ့ဘက် ဘောဂဆိပ်အနီး၊ ဧရာဝတီမြစ်လယ်တွင် (၆၅' x ၁၀' x ၅') အရွယ်အစား၊ တရုတ်အင်ဂျင်(၃၂)H.P (၁)လုံး၊ ရှပ်တန်း(၁)ခု၊ တရုတ် KAWA အင်ဂျင်(၇.၅) ခလုပ် တပ်ဆင် ထားသော စက်လှေ(၁)စီးပေါ်တွင်တင်ဆောင်၍ အဆိုပါ စက်လှေနှင့်တွဲယူလာသော (၂၆' x ၄' x ၁၄') အရွယ်အစား ရေစမ်းပဲ့ထောင် (၁)စီးနှင့်အတူ တရားမဝင်(ကျွန်း/ပိတောက်) ဗုံတို/ဓားရွေ(၁၃၇)လုံး/ချောင်း (၁၄.၈၉၅၈)တန်၊ ထင်းခွဲခြမ်း(၃.၈၀၁၆)တန်အပါအဝင် စုစုပေါင်း(၁၈.၆၉၇၄)တန်၊ တရားခံ(၃)ဦးအား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် သစ်/ထင်းနှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး တရားခံများအား ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပါသည်။