မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မတ္တရာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်မီးသွေးအိတ်များ ဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မတ္တရာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင် ၁၉/၄ နှင့် ၁၉/၅ ကြားတွင် ယာဉ်အမှတ်(MDY-1B/3374)တပ်ဆင်ထားသော FUSO အမျိုးအစား မှန်လုံယာဉ်ပေါ်မှ တရားမဝင် ၄၅ ပေါင်ဝင် မီးသွေး(၁၈၂)အိတ်၊ (၂၉.၁၂) တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် မီးသွေး၊ တရားခံနှင့် ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။