စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကျွန်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်ဆီးရမိခြင်း

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကျွန်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ အင်းလှရွာအတွင်း ခန့်မှန်းမြေပုံညွှန်း GA-267820 နေရာနှင့် တောင်နီရွာ၏ အရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း GA -224950 နေရာများတွင် ယာဉ်အမှတ်(1L/9877)ပေါ်မှ တရားမဝင် သစ်ဗုံတို(၁)လုံး၊ (၁.၆၆၆) တန်နှင့် တရားခံ(၁)ဦး၊ မော်တော်ဆိုင်ကယ်(၃)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ (၉)ချောင်း၊ (၀.၃၄၉၈)တန်တို့အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင် (သစ်မာ/အခြား)ဗုံတို/ဓားရွေ(၂၀)လုံး/တုံး၊ (၂.၀၁၅၈)တန်၊ ယာဉ်(၁)စီး၊ ဆိုင်ကယ်(၃)စီးနှင့် တရားခံ(၁)ဦးဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားခံ၊ တရားမဝင် သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပါသည်။