ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ(ကွတ်ခိုင်)၊ စ.ရ.ဖ တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ(ကွတ်ခိုင်)၊ စ.ရ.ဖ တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ် Oriental High Way ဂိတ်တွင် ယာဉ်အမှတ်(RLG/3799)တပ်ဆင်ထားသော Toyota အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၄)တုံး၊ (၀.၃၆၉၂)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် ယာဉ်မောင်း၏ ထွက်ဆိုချက်အရ စစ်ဆေးပေါ်ပေါက်သည့် ယာဉ်မောင်းပါ တရားခံ(၃)ဦး အား ကွတ်ခိုင်မြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားရှိပါသည်။