ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ လားရှိုးမြို့မရဲစခန်းနှင့် ခရိုင်မှုခင်း တပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၄-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ လားရှိုးမြို့မရဲစခန်းနှင့် ခရိုင်မှုခင်း တပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်း၊ တိုးလ်ဂိတ်တွင် ယာဉ်အမှတ်(YGN-3C/1137) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဝါ/ပြာအရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၆၄)တုံး၊ (၄.၁၃၆၈)တန်နှင့် တရားခံ(၁)ဦး၊ ယာဉ်အမှတ်(NPW-6A/1537) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူရောင်(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်၊ တမ လန်း) (သစ်လုံး/ဓားရွေ) (၅၈)လုံး/တုံး၊ (၄.၁၉၃၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီး ရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင်(ပိတောက်/တမလန်း) သစ်လုံး/ ဓားရွေ(၁၂၂)တုံး/လုံး (၈.၃၂၉၈)တန်၊ မော်တော်ယာဉ်(၂)စီး၊ တရားခံ(၃)ဦးဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ မော်တော်ယာဉ်နှင့် တရားခံများအား လားရှိုး မြို့မရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူထားရှိပါသည်။