စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ကံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၄-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ကံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် ၄၄၅/၀ နှင့် ၄၄၅/၁ ကြားတွင် ယာဉ် အမှတ်(MGY-1B/7454)တပ်ဆင်ထားသော HINO အမျိုးအစား၊ အဖြူရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၆၆)ချောင်း၊ (၆.၇၇၃၈)တန်နှင့် ဂန့်ဂေါ- ပုလဲ - ကျားတက်- ပခုက္ကူကားလမ်း ခန့်မှန်းမြေပုံညွှန်း GV-002169 နေရာတွင် ယာဉ်အမှတ်မပါ HINO အမျိုးအစား၊ ခေါင်းအပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား ခွဲသား(၂၀)ချောင်း၊(၀.၂၆၄၆)တန်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင် (ပိတောက်/အခြား)ခွဲသား (၈၆)ချောင်း၊ (၇.၀၃၈၄)တန်၊ ယာဉ်(၂)စီး၊ တရားခံ(၁)ဦးတို့ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိပါသည်။