မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်းတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်းတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၃-၂-၂၀၁၇ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ ခန့်မှန်းမြေပုံညွှန်း F-534786 နေရာ၊ ခြံဝင်းမှ တရားမဝင် ကျွန်း(ခွဲခြမ်း/ခွဲသား) (၇၁)ချောင်း၊ (၃.၅၁)တန်နှင့် တရုတ်(၂၅) H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများ၊ ခန့်မှန်းမြေပုံညွှန်း F-532785 နေရာခြံဝင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား(၇)ချောင်း၊ (၀.၀၀၄)တန်၊ သစ်စက်ဝိုင်းခုံ(၁)ခု၊ ၂၄-၂-၂၀၁၇ ရက်နေ့တွင် နန်းတော်ကျွန်းရွာ၊ အနောက်တောင်ဒေရှိ ခြံဝင်းအတွင်းမှ တရားမဝင် အခြားသစ်(၂)လုံး၊ (၀.၄၇၂၈)တန်နှင့် သစ်စက်ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိပါသည်။ စုစုပေါင်းဖမ်းဆီးရမိမှုမှာ တရားမဝင်(ကျွန်း/အခြား) သစ်လုံး/ခွဲသား/ခွဲခြမ်း (၈၀)လုံး/ချောင်း/ခြမ်း၊ (၄.၀၂၂၈)တန်၊ သစ်စက်ဆက်စပ် ပစ္စည်းများဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံများအား သစ်တောဥပဒေပုဒ် ၄၃(က)၊ ၄၂(ဂ)၊ ၄၁(က)တို့ဖြင့် အရေးယူဆောင် ရွက်မည်ဖြစ်ပါသည်။