သစ်တောဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ပူးပေါင်း၍ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာပစ္စည်းများ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း၊ လက်တွေ့သရုပ်ပြသင်တန်းဖွင့်လှစ်ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission (NDRC) တို့ပူးပေါင်း၍ (၂၈-၂- ၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေး ခန်းမ၌ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာပစ္စည်းများ အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း၊ လက်တွေ့သရုပ်ပြသင်တန်းဖွင့်လှစ်ကျင်းပရာ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာသောင်းနိုင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute မှ Dr. Kui PENG မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ Gain Solar Company နှင့် Xunda Science & Technology Ltd မှ ကျွမ်းကျင်သူများက အိမ်သုံးဆိုလာနှင့် စွမ်းအားမြှင့်မီးဖိုများတပ် ဆင်အသုံးပြုပုံ၊ ပြုပြင်ထိန်းသိမ်းနည်းစနစ်များအား စာတွေ့၊ လက်တွေ့ပြသ၍ သင်တန်းသားများမှ စွမ်းအားမြှင့်မီးဖိုနှင့် အိမ်သုံးဆိုလာများအား ကိုင်တွယ်အသုံးပြုပုံနှင့် ထိန်း သိမ်းခြင်းလုပ်ငန်းများအား လက်တွေ့ဆောင်ရွက်ကြပါသည်။ သင်တန်းဖွင့်ပွဲသို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးနှင့် အရာရှိများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆိုလာနှင့် စွမ်းအားမြှင့်မီးဖိုကျွမ်းကျင်ပညာရှင်များ၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။