သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းအား သစ်တောဦးစီးဌာနနှင့် အကျိုးတူဆောင်ရွက်နေသည့် ထူးကုမ္ပဏီများ စီးပွားရေးအုပ်စုမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းအား သစ်တောဦးစီးဌာနနှင့် အကျိုးတူဆောင်ရွက်နေသည့် ထူးကုမ္ပဏီများ စီးပွားရေးအုပ်စု(HTOO ZOO & GARDENS BUSINESS UNIT) တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံ၍ (၂၉-၁၁-၂၀၁၆)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ပြုလုပ်သည့် တိရစ္ဆာန်ဥယျာဉ်များဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိသူများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။