ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပေါက်မြို့နယ် ကမာကဘန်ရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၆-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပေါက်မြို့နယ် ကမာကဘန်ရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ကမာကဘန်ရွာအုပ်စု၊ လေးအိမ်စုကွင်း၊ ခန့်မှန်းမြေပုံညွှန်း KV-546283 တွင် တရားမဝင် (သစ်မာ/အခြား) သစ်လုံး/ ခွဲခြမ်း/ ခွဲသား(၇၈)လုံး/ ခြမ်း/ ချောင်း(၁၈.၆၂၅၆)တန်၊ ဂျင်းမားအမျိုးအစား(၁၆)H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ၊ တရားခံများအား သစ်တော ဥပဒေ ပုဒ်မ ၄၂(ခ)၊ ၄၂(ဂ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။