ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စ.ရ.ဖ တပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စ.ရ.ဖ တပ်ဖွဲ့ဝင်များသည် တောင်ငူမြို့နယ်၊ အမြန်လမ်း မိုင်တိုင် ၁၅၄/၀ အနီး၊ ဂျပန်လမ်းထိပ်တွင် ယာဉ်အမှတ် မ/၁၁၄၅ တပ်ဆင်ထားသည့် ကာဂိုအမျိုးအစား၊ (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားသား(၃၄၂)ချောင်း၊ (၃.၇၈၉၈)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။