၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများသည် ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက်ပိုင်း၊ မြို့ပတ်လမ်းဘေးတွင် တရားမဝင် ပျဉ်းကတိုးသစ် (၁၁)လုံး၊ (၂.၀၇၉၈)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် စုံစမ်းဖော် ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။