ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၅-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကြို့ပင်ကောက်မြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စု၊ ပိတောက်မြိုင်ရွာ၏အရှေ့မြောက်ဘက် ခန့်မှန်းမြေပုံညွှန်း GR-938315,937316,937314 နေရာများတွင် တရားမဝင် ကျွန်း/သစ်မာ/အခြား (သစ်/တိုင်/ခွဲသား) (၂၅) ချောင်း၊ (၅.၅၀၃၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၃၃(က)၁ အရ အရေးယူမည်ဖြစ်ပါသည်။