ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ ကွတ်ခိုင်၊ စ.ရ.ဖ နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၈-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အခြေချစစ်ဗျူဟာ ကွတ်ခိုင်၊ စ.ရ.ဖ နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ Oriental တိုးလ်ဂိတ်အနီးတွင် ယာဉ်အမှတ်(SHN-7C/7415) ပါဂျဲရိုးအမျိုးအစား အနက်ရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၉)တုံး၊ (၀.၅၅၄၂)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပြီး၊ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် ယာဉ်မောင်း၏ ထွက်ဆိုချက်အရ စစ်ဆေးပေါ်ပေါက်သည့် တရားခံများအား ကွတ်ခိုင်ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူထားရှိပါသည်။