လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၆၉)တပ်ထိန်းတပ် နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၇-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၆၉)တပ်ထိန်းတပ် နှင့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-သိန်းနီကားလမ်း၊ နမ့်တွန်းအုပ်စု၊ မန်နော်ကျေးရွာအနီးတွင် ယာဉ်အမှတ်(YGN -2F/8263)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဖြူစိမ်းရောင်(၁၂)ဘီးယာဉ်ပေါ် မှ တရားမဝင် ဓားရွေ(၄၇၂)တုံး၊ (၉.၂၇၆၄)တန်နှင့် တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံအား ပ.ပ.ကဥပဒေပုဒ်မ ၆(၁)အရ လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။