ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

၂၈-၂-၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မြို့ရှောင်လမ်း တိုးလ်ဂိတ်တွင် ယာဉ်အမှတ်(MDY-7C/6407) တပ်ဆင်ထားသော NISSAN အမျိုး အစား(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၁၀၀)တုံး၊ (၆.၈၅၁၂)တန်နှင့် အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ယာဉ်နှင့် တရားခံများအား လားရှိုးမြို့မရဲစခန်းတွင် ပ.ပ.ကဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။