စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ တရားမဝင် သစ်များဖမ်းဆီးရမိခြင်း

၂၆-၂-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင် သောအဖွဲ့သည် ကျွန်းလှမြို့နယ်၊ အင်တိုင်းအုပ်စု၊ ကျွဲတဲရွာအနီး၊ ခန့်မှန်းမြေပုံညွှန်း GA-287799 နေရာတွင် ယာဉ်အမှတ်(၁၀၆၁၇)တပ်ဆင်ထားသော ထော်လာဂျီပေါ်မှ တရားမဝင် အခြားခွဲသား(၃၆)ချောင်း၊ (၀.၄၅)တန်နှင့်တရားခံ(၁)ဦး၊ ကျွဲတဲရွာအနောက်ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း GA-274806 နေရာမှ တရားမဝင် အခြားခွဲ သား (၉)ချောင်း၊ (၀.၆၇၆)တန် ဖမ်းဆီးရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင် အခြားခွဲသား(၄၅)ချောင်း၊ (၁.၁၂၆)တန်၊ ယာဉ်(၁)စီး၊ တရားခံ(၁)ဦးတို့ ဖြစ်ပါသည်။ ဖမ်းဆီးရမိ တရားမဝင် သစ်၊ ယာဉ်နှင့် တရားခံအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်ထားရှိပါသည်။