သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်

(၃-၃-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ပြည်ပနိုင်ငံများသို့ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒေါ်ထိုက်စံစိုး(တောအုပ်ကြီး) သစ်တောသုတေသနဌာနမှ ဖိလစ်ပိုင်နိုင်ငံတွင် (Participatory Agroforestry for Rural Development in the Face of Climate Change) သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့် ဦးစွမ်းပြည့်အေးအောင် (တောအုပ်ကြီး) ရန်ကုန်တိုင်းဒေသကြီးမှ ထိုင်းနိုင်ငံတွင် (Water, Land and Ecosystem (WLE)Mekong Forum and Symposium) သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။